လူကြိုက်အများဆုံး

Tuesday, July 24, 2012

ဆဒုံးဒေသကို စစ်တပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေ

ဆဒုံးမြို့နယ်ခွဲက လနရေတံခွန်အနီး တံတားကို KIA ကချင်လက်နက်ကိုင်အဖွဲ့က မိုင်းခွဲဖျက်ဆီး ပြီးနောက် ဒေသခံများက သံမဏိစက်သီးကြိုးများဖြင့် ပစ္စည်း၊ ဆိုင်ကယ်များ သယ်ယူပေးခြင်း၊ သံမဏိကြိုး တံတားတည်ဆောက်ပြီး အခကြေးငွေဖြင့် ဖြတ်ကူးစေခြင်းများ ပြုလုပ်လျက်ရှိပါသည်။
            ဒါက KIA ဗဟိုဌာနချုပ်ကနေ စစ်ရေးအရ ဖောက်ခွဲဖျက်ဆီးခိုင်းတာဖြစ်လို့ ဘယ်လိုနည်းနဲ့မှ ဖြတ်ကူး ခြင်းမပြုဖို့ လူတွေအနီးအနားမှာမနေဖို့ KIA က ဇူလိုင်လလယ်လောက်မှာ တားမြစ်စာပို့တဲ့အပြင် မိုင်းထောင် ခြင်းများပါ ပြုလုပ်လာတဲ့အတွက် ရွာသူရွာသားတွေ လုံးဝမသွားရဲတော့တာကြောင့် စစ်တပ်ကို အကူအညီ တောင်းခံမှုများရှိတယ်လို့ သိသည်။

            စစ်တပ်ကတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ရမှာဖြစ်လို့ ပြည်သူတွေကို လွတ်လွတ် လပ်လပ်သွားလာနိုင်ဖို့ ဆဒုံးဒေသကနေ နယ်စပ်ထိ စစ်ဆင်ရေးလုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။
http://kachindailynews.blogspot.com မှကူးယူဖော်ပြ..

No comments:

Post a Comment