လူကြိုက်အများဆုံး

Tuesday, July 24, 2012

မြစ်ကြီးနားမြို့မှ ကချင်အမျိုးသမီးများကို ဆန္ဒထုတ်ဖေါ်မည်

လာမည့် ဇူလိုင် ၂၈၊ ၂၀၁၂ ခုတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ ငြိမ်းချမ်းရေးကို အကြောင်းပြ၍ ဆန္ဒ ထုတ်ဖေါ်ခြင်း ပြုလုပ်သွားမည်ဟုသိရသည်။           ဆန္ဒထုတ်ဖေါ်ခြင်းမှာ  မြစ်ကြီးနားမြို့ပေါ်ရှိ ကချင်ပြည်သူများ၏ သဘော ထားအမြင်ကိုဖော်ထုတ်ခြင်းဖြစ်တယ်လို့သိရပါသည်။ KIO/KIA ကသဘောထားတင်းမာ၍ ငြိမ်းချမ်းရေးကို မလိုလားသဖြင့် တိုက်ပွဲ ဆက်ဖြစ်နေရသည်။ ဒါကြောင့် ကျမတို့အမျိုးသမီးများနှင့်ကလေးငယ်များဒုက္ခရောက်နေခြင်းဖြစ်တယ်။  အစိုးရ၏ ထိုးစစ် ဆင်ခြင်းကို ရပ်နားရန် တောင်းဆိုမည့်အစား တစ်ဖက်တတ်KIO/KIA ကို ပစ်ခတ်ရပ်ဆိုင်းရေး အမြန်ဆုံးလုပ်ပေးပါရန် တောင်းဆိုခြင်းဖြစ်တယ်။
ယခုဆန္ဒပြရန် ဦးဆောင်နေသူများမှာ ကချင်ပြည်သူများအတွက် အမှန်တရားဘက်ကို ရပ်တည်ပေး သူများဖြစ်ပြီး၊ လက်ရှိစစ်ပြေးဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသော ကချင်အဖွဲ့တဖွဲ့မှ ဦးဆောင်ပြီး ပြုလုပ်မယ်လို့သိရ ပါတယ်။
        
    ဆန္ဒဖော်ထုတ်မယ့်အစီအစဉ်ကိုတော့ တာဝန်ရှိတဲ့သူတွေဆီကိုတင်ပြထားပါတယ်ခွင့်ပြုတယ်မပြုဘူးဆိုတာကိုတော့ တာဝန်ရှိတဲ့သူတွေကပြောကြားခြင်းမရှိသေးပါဘူး။ အခု ကျွန်မတို့ဆန္ဒဖော်ထုတ်ရတာဟာ ကျွန်မတို့ကချင်ပြည်နယ် တခုလုံးမှာ ရှိတဲ့ ကချင်လူမျိုးတွေခံစားနေရတာကို မြန်မာနိုင်ငံလုံးသိအောင်နဲ့ ကချင်လူမျိုးချင်းချင်းဖိနှိပ်ချုပ်ချယ်ပြီး ဒုက္ခပေးနေတဲ့ အဖွဲ့ကို နိုင်ငံတကာကသိအောင်ဆန္ဒဖော်ထုတ်ရတယ်လို့ ဆန္ဒဖော်ထုတ်ဖို့ဆောင်ရွက်နေတဲ့ အမျိုးသမီးတစ်ဦးက KDN ကိုပြော ပါသည်။
တရားမျှသမှုကိုလိုလားသူ တစ်ဦး
http://kachindailynews.blogspot.com/ မှ. . . .

No comments:

Post a Comment