ဇူလိုင်လ(၁၄)ရက်နေ့က ဖားကန့်မြို့မရပ်ကွက်ရှိ လူသွားလမ်းပေါ်မှာ မိုင်းတစ်လုံးနင်းမိလို့ ကျဘမ်း လုပ်ကိုင်စားသောက်နေတဲ့ ဦးကျော်မြင့်၊ ၆၂ နှစ်ရဲ့ ညာဖက်ခြေထောက်ပြတ်သွားတယ်လို့ သိရှိပါတယ်။ စုံစမ်း ကြည့်လိုက်တော့ စစ်တပ်စခန်းက ဆင်းလာရင် နင်းမိအောင် KIA ကထောင်ထားတဲ့မိုင်းကို ဦးကျော်မြင့်က အရင် နင်းမိလိုက်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
ဖားကန့်မြို့နေပြည်သူတစ်ဦးက ``ဖားကန့်မှာ
KIA က လုပ်ချင်သလို လုပ်နေတာ ကွမ်းယာဆိုင်ကနေစပြီး ရွှေလုပ်ကွက်၊
ကျောက်စိမ်းလုပ်ကွက်တွေအထိ ဆက်ကြေးကောက်တယ်၊ ကောက်သလောက်အမြဲပေးနေရတယ်။
ဘာအကြောင်းပြချက်မှမရှိဘူး၊ ခပ်တည်တည်နဲ့ ပြည်သူလူထု အိမ်ပေါ်တက်သတ်တယ်၊
မြို့လယ်ခေါင် မိုင်း ထောင်တယ်။ ဒါမျိုးကျတော့ လွှတ်တော်တို့၊ ကုလသမဂ္ဂတို့
မတိုင်ရဲတော့ဘူးလား မသိတော့ပါဘူး´´ ဟု ပြောပြလာပါတယ်။
No comments:
Post a Comment