မြန်မာနိုင်ငံ
လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ ကုလသမဂ္ဂ
အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana သည် ဇူလိုင် ၂၉ ရက် ညပိုင်းက
လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံရှိ
ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ခေတ္တဌာန ကိုယ်စားလှယ် Mr.Ramesh M.Shrestha
နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။
Mr.Tomas Ojea Quintana သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ
အဖွဲ့အစည်းများဆိုင်ရာ ခေတ္တဌာနေကိုယ်စားလှယ် Mr.Ramesh M.Shrestha နှင့်
တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင် ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင်
ဗဟိုအကျဉ်းထောင်(အင်းစိန်) သို့ ရောက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာန
အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက သိလိုသည်များနှင့်
စပ်လျဉ်း၍ ရှင်းလင်းဖြေကြားသည်။ ထို့နောက် Mr.Tomas Ojea Quintana သည်
ဗဟိုအကျဉ်းထောင်(အင်းစိန်)ရှိ အချုပ်ကျနေသူ မြနန္ဒာအောင်၊ အကျဉ်းသား
ဦးခေမာစာရ(ခ) ချမ်းသာနှင့် မောင်အောင်နိုင်တို့အား လွတ်လပ်ပွင့်လင်းစွာ
တွေ့ဆုံမေးမြန်းသည်။ ထို့နောက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင်
အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးကုသမှု
ခံယူလျက်ရှိသည့် အကျဉ်းသား ဖြိုးဝေအောင်အား တွေ့ဆုံမေးမြန်းကာ အမျိုးသမီး
ဆေးကုသဆောင်ကို လှည့်လည်ကြည့်ရှု လေ့လာသည်။ ယင်းနောက် Mr.Tomas Ojea
Quintana သည် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) ဧရာဝတီခန်းမ၌
နိုင်ငံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား
တွေ့ဆုံခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင်
ဖော်ပြထားပါသည်။
လူကြိုက်အများဆုံး
-
ဒယ်မီမိုးနှင့် ကွာရှင်းပြတ်စဲပြီးနောက် မင်းသား အက်ရှ်တန်ကက်ချာသည် အချစ်သစ်တစ်ဦး ခိုင်ခိုင်မာမာ ရရှိသွားပြီဟု သိရှိရသည်။ ကက်ချာသည် ကာလရှည်...
-
မိတ္ထီလာမြို့အတွင်းရှိ ကျောက်ဖြူကုန်းအုပ်စု မြင်တော်ကန်ကျေးရွာမှာ နေထိုင်တဲ့ ကိုနေလင်းပိုင် ယာမြေတွေကို မိတ္ထီ လာမြို့ စည်ပင်သာယာအမှုဆောင်အရ...
-
မိတ္ထီလာခရိုင်သာစည်မြို့တွင်(၃၀.၇.၂၀၁၂) ရက်နေ့တွင်သာစည်မြို့သူ/သားများဘဝမီးဘေး အန္တရာယ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် သာစည်မြို့နေပြည်သူ...
-
From : The Voice နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများကို အပြောင်းအရွှေ့ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိပြီး မကြာမီရက်ပိုင်းအတွ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment