မကြာမီက
ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းတွင် လက်ရှိထိန်းသိမ်းထားသော
ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အိုင်အန်ဂျီအိုတို့မှ ဝန်ထမ်းများအနက် အချို့သည်
အမှန်တကယ် ပါဝင်ဆောင်ရွက်ခဲ့သည်ကို သက်သေအထောက်အထားများ ရရှိထားပြီးဖြစ်ကာ
တည်ဆဲဥပဒေများအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက
ပြောကြားသည်။
ယင်းနှင့်စပ်လျဉ်း၍ ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ
နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးက
“ကျွန်တော်တို့မှာ သူတို့တွေဟာ ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ သက်သေအထောက်အထား
ရှိထားပြီးပါပြီ။ ဒီအထဲက တစ်ယောက်က ပြစ်မှုနဲ့ မပတ်သက်ဘူးဆိုတာ ထင်ရှားလို့
ပြန်လွှတ်ပေးပြီး ဖြစ်ပါတယ်” ဟု ပြောကြားသည်။ တရားဝင်
သတင်းထုတ်ပြန်ချက်များအရ အဆိုပါကဲ့သို့ ရခိုင်ပြည်နယ် အရေးအခင်းတွင်
ပါဝင်ပတ်သက်ခဲ့မှုကြောင့် ထိန်းသိမ်းခံထားရသော ကုလသမဂ္ဂဝန်ထမ်းများမှ UNHCR ၃
ဦး၊ WEP မှ ၂ ဦးနှင့် အခြားသော အိုင်အန်ဂျီအိုများမှလည်း
ထိန်းသိမ်းခံထားရသူများ ပါဝင်ကာ စုစုပေါင်း ၁၀ ဦးခန့် ဖြစ်ကြောင်း ဇူလိုင်
၁၂ ရက်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည့် UNHCR ၏ မဟာမင်းကြီး
မစ္စတာအန်တိုနီ ယိုဂူတာရက်စ်က ပြောကြားခဲ့သည်။ ယင်းက “ပြောချင်တာကတော့
ဘယ်သူမှ ဥပဒေရဲ့ အထက်မှာမရှိ ဆိုတာကို လက်ခံပါတယ်” ဟု ပြောသည်။
မောင်တောဒေသတွင် အခြေစိုက်သော ကုလသမဂ္ဂဝန်ထမ်းနှင့် အိုင်အန်ဂျီအို
ဝန်ထမ်းများအနက်တွင် ဘင်္ဂါလီလူမျိုးဦးရေသည် အထူးများပြားနေကြောင်း
ဒေသခံများထံမှ သိရသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ်
ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
လူကြိုက်အများဆုံး
-
ဒယ်မီမိုးနှင့် ကွာရှင်းပြတ်စဲပြီးနောက် မင်းသား အက်ရှ်တန်ကက်ချာသည် အချစ်သစ်တစ်ဦး ခိုင်ခိုင်မာမာ ရရှိသွားပြီဟု သိရှိရသည်။ ကက်ချာသည် ကာလရှည်...
-
မိတ္ထီလာမြို့အတွင်းရှိ ကျောက်ဖြူကုန်းအုပ်စု မြင်တော်ကန်ကျေးရွာမှာ နေထိုင်တဲ့ ကိုနေလင်းပိုင် ယာမြေတွေကို မိတ္ထီ လာမြို့ စည်ပင်သာယာအမှုဆောင်အရ...
-
မိတ္ထီလာခရိုင်သာစည်မြို့တွင်(၃၀.၇.၂၀၁၂) ရက်နေ့တွင်သာစည်မြို့သူ/သားများဘဝမီးဘေး အန္တရာယ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် သာစည်မြို့နေပြည်သူ...
-
From : The Voice နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများကို အပြောင်းအရွှေ့ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိပြီး မကြာမီရက်ပိုင်းအတွ...
Wednesday, August 1, 2012
ရခိုင်အရေးအခင်း၌ သံသယရှိ၍ ထိန်းသိမ်းထားသော ကုလဝန်ထမ်းများ ပြစ်မှုများတွင်အမှန်ပတ်သက်မှုရှိကြောင်းနယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီး ပြောကြား
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment