ယနေ့နေ့လည် ၁ နာရီကျော်က မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ
ကင်တေးနား မောင်တောသို့ ကားများဖြင့် လှည့်ပတ် ကြည့်ရှ့စဉ် ရခိုင်
တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများ ကိုယ်စီ ကိုင်ဆောင်ပြီး
ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်ဟု သိရသည်။
“ သူတို့က လူ့အခွင့်ရေး ကိုယ်စားလှယ် ကားတန်းနဲ့ မောင်တောမြို့ထဲကို
လာရောက်ကြည့်ရှု့တဲ့ အခါ မြို့ထဲမှာ ပိုစတာတွေ ကိုယ်စီကိုင်ပြီး
ဆန္ဒဖေါ်ထုတ်ကြတာကို တွေ့ရပါတယ်။ လူပေါင်းက ၂၀၀ ခန့်ရှိပါမယ်။
ဘေးပတ်ဝန်းကျင်က လာကြည့်တဲ့သူတွေကလည်း ၃၀၀- ၄၀၀ လောက်ရှိတာ ကို တွေ့ရပါတယ်။
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒဖေါ်ထုတ်ကြတာပါ” ဟု လူမူရေး လုပ်ငန်း
ဆောင်ရွက်နေ သူ ကိုကျော်အေးမောင်က ပြောသည်။
ပိုစတာများထဲတွင် မြန်မာလို (၁)
နိုင်ငံတော်သမ္မတကြီးဆုံးဖြတ်ချက်ကိုလေးစားပါ။ (၂) မြန်မာနိုင်ငံ ၏
အချုပ်အချာအာဏာကိုလေးစားပါ။ (၃) တိုင်းရင်းသားတို့၏ လူအခွင့် ရေးကို
လေးစားပါ။(၄) မျှမျှတတ ဆက်ဆံပါ ဟု စာလုံးမဲများဖြင့် ရေးသားထားသည်ဟု သူက
ပြောသည်။
“ ပိုစတာတွေကို ကိုယ်စီကိုင်ပြီး ငြိမ်းချမ်း သေ၀ပ်စွာနဲ့ ဆန္ဒ
ထုတ်ဖေါ်ကြတာ ဖြစ်ပါတယ် ။ လူတွေ ကလည်းနိုင်ငံတော်အလံကိုလည်း
ကိုယ်စီကိုင်ထားကြပါတယ်။ ကားပေါ်က လူတွေက ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ လူတွေ
အများကြီးပါဘဲ။ သူတို့ ( ကင်တားနားနဲ့ အဖွဲ့) ဒီလို ဆန္ဒတွေ ဖေါ်ထုတ်တယ်
ဆိုတာကို သိသွားပါတယ်” ဟု သူက ဆက်ပြောသည်။
လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား အဖွဲ့သည် ပြည်သူများ
ဆန္ဒထုတ်ဖေါ်ပွဲအား အသွား တစ်ကြိမ်၊ အပြန်တစ်ကြိမ် မြင်တွေ့သွားခဲ့ပြီး
ယခုအခါ ကားတန်းမှာ အလိုတော်ပြည့် ကျောင်းဘက်သို့ ဦးတည် သွားနေကြောင်း
ကိုကျော်အေးမောင်က ပြောသည်။
လူကြိုက်အများဆုံး
-
ဒယ်မီမိုးနှင့် ကွာရှင်းပြတ်စဲပြီးနောက် မင်းသား အက်ရှ်တန်ကက်ချာသည် အချစ်သစ်တစ်ဦး ခိုင်ခိုင်မာမာ ရရှိသွားပြီဟု သိရှိရသည်။ ကက်ချာသည် ကာလရှည်...
-
မိတ္ထီလာမြို့အတွင်းရှိ ကျောက်ဖြူကုန်းအုပ်စု မြင်တော်ကန်ကျေးရွာမှာ နေထိုင်တဲ့ ကိုနေလင်းပိုင် ယာမြေတွေကို မိတ္ထီ လာမြို့ စည်ပင်သာယာအမှုဆောင်အရ...
-
မိတ္ထီလာခရိုင်သာစည်မြို့တွင်(၃၀.၇.၂၀၁၂) ရက်နေ့တွင်သာစည်မြို့သူ/သားများဘဝမီးဘေး အန္တရာယ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် သာစည်မြို့နေပြည်သူ...
-
From : The Voice နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများကို အပြောင်းအရွှေ့ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိပြီး မကြာမီရက်ပိုင်းအတွ...
Wednesday, August 1, 2012
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မောင်တောခရီးစဉ်တွင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများကိုင်ပြီး ဆန္ဒဖေါ်ထုတ်
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment